ကျွန်န်ုပ်နှင့်တရုတ်နိုင်ငံခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲပထမဆုံးအကြိမ် ကျင်းပ
One News
Nov 28, 2026
ကျွန်န်ုပ်နှင့်တရုတ်နိုင်ငံခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတစ်ခုကို ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်-တရုတ်ယဉ်ကျေးမှုစင် တာ မှာနိုဝင်ဘာလ ၂၇ ရက်၊ ညနေပိုင်းကကျင်းပခဲ့ပါတယ်။ဒီဆွေးနွေးပွဲကို ကျင်းပရတာဟာ တရုတ်နိုင်ငံနဲ့ အမှတ်တရရှိခဲ့တဲ့အကြောင်းတွေကို မျှဝေပေးဖို့ ပြုလုပ်ပေးတာ ဖြစ်ပြီးအဲဒီကတစ်ဆင့် တရုတ်-မြန်မာချစ်ကြည်ရေး၊ ယဉ်ကျေးမှုဖလှယ်ရေးတွေအတွက်လည်း များစွာအထောက် အကူပြုမယ်လို့ ယုံကြည်တဲ့အတွက် လုပ်ဆောင်တာဖြစ်တယ်လို့ ဆိုပါတယ်။
အခုကျင်းပတဲ့ပွဲမှာ တရုတ်နိုင်ငံကိုသွားရောက်ခဲ့ကြသူတွေရဲ့ ကိုယ်တွေ့ဇာတ်လမ်းတွေ၊ ဓာတ်ပုံပြပွဲတွေကိုလည်း ခင်းကျင်းပြသထားပြီး နောက်ထပ်လည်း မျှဝေတဲ့အစီအစဉ်တွေကို လုပ်ဆောင်သွားမယ်လို့ ရန်ကုန်-တရုတ်ယဉ် ကျေးမှုစင်တာညွှန်ကြားရေးမှူး Mr.Han Jiajun ကပြောပါတယ်။ဆွေးနွေးပွဲကို ရန်ကုန်-တရုတ်ယဉ်ကျေးမှုစင်တာ၊ China Media Group၊ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ တရုတ်ဖောင်ဒေးရှင်း၏ မြန်မာနိုင်ငံဆိုင်ရာရုံးနဲ့ တရုတ်-မြန်မာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုး မှုမြှင့်တင်ရေးအသင်းတို့ ပူးပေါင်းစီစဉ်တာဖြစ်တယ်လို့ ဆိုပါတယ်။
အခမ်းအနားမှာ မိတ်ဆက်ဗီဒီယိုပြသခဲ့ပြီး တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့ အမှတ်တရတွေကို မျှဝေပြောကြားခဲ့ကြပြီး ရုပ်ရှင်ဒါရိုက်တာ ပန်းချီစိုးမိုး၊ စာရေးဆရာမ သက်မွန်သူ၊ မြန်မာနှင့်အရှေ့တောင်အာရှလေ့လာရေးစင်တာ တည်ထောင်သူ ဦးကျော်ဒေဝ၊ စီးပွားရေးပညာရှင် ဒေါက်တာသုတအောင်တို့က အာရှ-ပစိဖိတ်ပူးပေါင်းရေး စကားဝိုင်း ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပါတယ်။ဆွေးနွေးပွဲတွေကရရှိတဲ့ လက်ရာကောင်းတွေကို ကျွန်တော်နှင့်တရုတ်နိုင်ငံ-မြန်မာပေါက်ဖော်တို့၏ ကိုယ်တွေ့ ဇာတ်လမ်းပေါင်းချုပ်ဆိုတဲ့ စာအုပ်အဖြစ် စုစည်းထုတ်ဝေသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
ရန်ကုန်တိရစ္ဆာန်ဥယျာဥ်၌ တန်ဆောင်တိုင်ဈေးရောင်းပွဲတော် ကျင်းပမည်
One News
Nov 17, 2026 46ရန်ကုန်တိရစ္ဆာန်ဥယျာဥ်မှာ တန်ဆောင်တိုင်ဈေးရောင်းပွဲတော်ကို ၄ ရက်ကြာ ကျင်းပသွားမှာဖြစ်တယ်လို့ ရန်ကုန်တိရစ္ဆာန်ဥယျာဥ်ကနေ သိရပါတယ်။အဲဒီ တန်ဆောင်တိုင်ဈေးရောင်းပွဲတော်ကို နိုဝင်ဘာလ ၂၁ ရက်ကနေ ၂၄ ရက်အထိ ၄ ရက်တိုင်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ပြီး တန်ဆောင်တိုင်ကာလမှာ မိသားစု၊ သူငယ် ချင်းတွေနဲ့အတူ ပျော်ရွှင်စရာ အမှတ်တရတွေ ဖန်တီးနိုင်ဖို့အတွက် အခုလို ကျင်းပပေးတာဖြစ်တယ်လို့ ဆိုပါတယ်။